top of page

စိတ်ကျန်းမာရေးနှင့် စိတ်လူမှုအထောက်အပံ့ အလုပ်အမှုဆောင်အဖွဲ့ မြန်မာ

စိတ်ကျန်းမာရေး နှင့် စိတ်လူမှုအထောက်အပံ့လုပ်ငန်း

စိတ်ကျန်းမာရေးစိတ်ပိုင်းဆိုင်ရာလူမှုကူညီပံ့ပိုးမှု (MHPSS) လုပ်ငန်းအဖွဲ့၏အဓိကရည်ရွယ်ချက်များမှာမြန်မာနိုင်ငံရှိ MHPSS လှုပ်ရှားသူများအကြားရေရှည်တည်တံ့သောညှိနှိုင်းဆောင်ရွက်မှုနှင့်သတင်းအချက်အလက်မျှဝေခြင်း၊ MHPSS ဝင်ရောက်စွက်ဖက်မှုအတွက်စည်းမျဉ်းစည်းကမ်းများအုပ်စုလိုက်နားလည်မှုကိုညီညွတ်စေရန်၊ အရေးပေါ်ဆက်တင်များ။

အကြောင်းအရာ

စိတ်ကျန်းမာရေးနှင့် စိတ်လူမှုအထောက်အပံ့ အလုပ်အမှုဆောင်အဖွဲ့သည် မြန်မာနိုင်ငံအတွင်း စိတ်လူမှု နှင့် စိတ်ကျန်းမာရေးဆိုင်ရာ အခန်းကဏ္ဍ များ၌ စိတ်အားထက်သန်တက်ကြွစွာလုပ်ဆောင်နေကြသည့် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပြည်တွင်း အခြေစိုက်အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပညာရေးဆိုင်ရာ နှင့် အစိုးရအင်စတီကျူရှင်းများ နှင့် အခြားစိတ်ပါဝင်စားကြသည့် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အားလုံးအား လက်ကမ်းကြိုဆိုပါသည်။ ၎င်းတို့တွင် မြန်မာနိုင်ငံ စိတ်ပညာအသင်း (MPA)၊ မြန်မာနိုင်ငံ စိတ်ကျန်းမာရေး အဖွဲ့အစည်း (MMHS)၊ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေး သုံးဆွဲမှုဆိုင်ရာယူနစ်၊ ရန်ကုန် တက္ကသိုလ် စိတ်ပညာ ဌာန၊ စိတ်ကျန်းမာရေး ဆရာဝန်နှင့် စိတ်ကျန်းမာရေးဆေးရုံများနှင့် ပြုစုစောင့်ရှောက်မှု ဂေဟာများ၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုရေးဆိုင်ရာ ကိစ္စရပ်များအပေါ်တွင် အလုပ်လုပ်ကိုင်နေကြသော (သို့မဟုတ် အလုပ်လုပ်ကိုင်ရန် စီစဉ်နေကြသော) သက်ဆိုင်သူများနှင့် ဝန်ဆောင်မှု ပေးဆောင်သူများ ပါဝင်ကြပြီး ၎င်းတို့အပြင် အခြားအဖွဲ့အစည်းများလည်း ပါဝင်ကြသေးသည်။ စိတ်ကျန်းမာရေး သို့မဟုတ် စိတ်လူမှုပိုင်းဆိုင်ရာ ကိစ္စရပ်များအပေါ် အဓိက အာရုံစိုက်ထားခြင်းမရှိဘဲ ၎င်းတို့နှင့် ယှဉ်တွဲနေသည့် အစိတ်အပိုင်းများ (ဥပမာ ကာကွယ်ရေး၊ ပညာရေး၊ SGBV ဆိုင်ရာ ဝန်ဆောင်မှုများ၊ အစရှိသည်) တွင် အလုပ်လုပ်ကိုင်နေကြသည့် အဖွဲ့အစည်းများ သို့မဟုတ် လူတစ်ဦးတစ်ယောက်ချင်းတို့အားလည်း တက်ရောက်ပါဝင်ကြရန် အားပေးသည်။ နည်းပညာဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့တစ်ခုမှနေ၍ အဖွဲ့ ဖွဲ့စည်းခြင်းပုံစံ၊ ပြန်လည်ထိန်းသိမ်းမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာများနှင့် ဆက်လျဥ်းသော ကိစ္စရပ်များအား ဆွေးနွေးရန် တွေ့ဆုံမည့်အပြင် ထိုအဖွဲ့မှနေ၍ သတင်းအချက်အလက်များ၊ MHPSS ကိရိယာများနှင့် ကြားဝင်ဆောင်ရွက်ခြင်းများ၊ ပညာရှင်များနှင့် ပိုမိုကျယ်ပြန့်သော လူ့အဖွဲ့အစည်းများအား ပညာရှင်ဆိုင်ရာ ကြီးကြပ်မှုများနှင့် လေ့ကျင့်သင်ကြားမှုများ  ပေးဆောင်မှုအပေါ် ကူညီထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ သက်ဆိုင်သူများအားလုံးသည် ထိုနည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့သို့ တက်ရောက်၍ ပါဝင်ပတ်သက်ရန် ကြိုဆိုထားသည်။ ထိုအဖွဲ့၏ အခြားဦးစားပေးမှုတစ်ခုမှာ နိုင်ငံဆိုင်ရာနှင့် နိုင်ငံတကာဆိုင်ရာ သက်ဆိုင်သူများ အလုပ်အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မှုအပေါ် အာရုံစိုက်ရန်ဖြစ်ပြီး အဖွဲ့အတွင်းတွင် ညီမျှသော ပါဝင်လုပ်ဆောင်မှုနှင့် ဦးဆောင်လုပ်ကိုင်မှုတို့အား အားပေးချီးမြှောက်ရန် ဖြစ်သည်။

လုပ်ငန်းများ

အသိပေးဆွေးနွေးခြင်း

ဤအလုပ်အမှုဆောင်အဖွဲ့၏အဓိကဦးစားပေးချက်မှာ နိုင်ငံတကာ နှင့် ပြည်တွင်းရှိ အဓိကလုပ်ဆောင်ပါဝင်ကြသူများကြား အတူတကွလက်တွဲ လုပ်ဆောင်ခြင်းကို အသားပေးရန် နှင့် အဖွဲ့၏ ခေါင်းဆောင်မှု နှင့် ပါဝင်ဆောင်ရွက်မှုကို အားပေးရန်ဖြစ်သည်။

နည်းပညာဆိုင်ရာ အရင်းအမြစ်များ

အလုပ်အမှုဆောင်အဖွဲ့သည် MHPSS နည်းနာနိဿယများနှင့် ကြားဝင်ဆောင်ရွက်မှုများ ၊ ပညာရှင်ဆိုင်ရာ စောင့်ကြပ်ကြည့်ရှုမှု နှင့် တတ်ကျွမ်းပညာရှင်များနှင့် လူထုအတွင်း ကျယ်ပြန့်စွာ သင်တန်းများပေးခြင်း၊ သတင်းအချက်အလက်များပံ့ပိုးပေးခြင်းတွင် ကူညီထောက်ပံ့နိုင်သည်။

ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်း

လတစ်လ၏ နောက်ဆုံးအပတ် တနင်္လာနေ့ တွင် ကျင်းပသည့် လစဥ် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းအစည်းအဝေးသည် အဖွဲ့ဝင်များအတွက် သတင်းအချက်အလက်များမျှဝေခြင်း နှင့် ဝန်ဆောင်မှုပေးရာတွင် စံကိုက်ဖြစ်စေရန်အတွက် ဆက်ဆံရာကြားခံအဖြစ် တည်ရှိသည်

MHPSS ဆိုသည်မှာ စိတ်လူမှုဆိုင်ရာ သုခချမ်းသာကို မြှင့်တင် ပေးရန် သို့မဟုတ် ကာကွယ်ပေးရန် နှင့် စိတ်ကျန်းမာရေးဝေဒနာကို ကုသပေးရန် သို့မဟုတ် တားဆီးစေရန် ရည်ရွယ်သည့် မည်သည့် ပြည်တွင်း သို့မဟုတ် ပြည်ပ အထောက်အကူကိုမဆို ဆိုလိုသည်။ (IASC) ၂၀၀၇

2018_IMG_7420.jpg
bottom of page